Tuesday, December 23, 2014

''တန်ဖိုး''

ရှေးကထုံးစံ လမ်းမမှန် အားသန်မလိုက်နှင့်
ထုံးသစ်အကြောင်း ကျိုးပေးကောင်း ထုံးဟောင်းမခင်နှင့်
ထုံးဟောင်းပယ်ပစ် အကြံလစ် ထုံးသစ်မထွင်နှင့်။   ။

* တန်ဖိုးဆိုတာ အမှား အမှန်ပေါ်မှာပဲ မူတည်တယ်
ရိုးရှင်းတယ် ဆန်းပြားတယ် ဆိုတဲ့အချက်ပေါ်မှာ မူမတည်ဘူးး။*

ဒါကြောင့် အဟောင်းပစ် တိုင်းလည်းမကောင်းသလို
အသစ်ကိုခင်တွယ်တိုင်းလည်း မကောင်းပါဘူး။

Wednesday, December 17, 2014

လူ့သဘာဝ

ပဉ္စမမြင်းမိုရ်

           ပဉ္စမမြင်းမိုရ်

ပဉ်- ပညာရှာရာ  ကျောင်းဥယာဉ်မှာ
စ   - စကားချိုသွေး  ပြုံးနဲ့ထွေးကာ
မ   - မတော်ဆုံးမ  သင့်ရာညွှန်တာ
မြင်း- မြင်းမိုရ်နှိုင်းသာ  အို...မြတ်ဆရာ
မို    - မိုက်မဲပြစ်များ  ပြေစေခြင်းငှာ
ရ်    - ရင်ဝယ်ညွှတ်တွား  ရှိခိုးလျက်ပါ။

ဆရာအားလုံးကို ဦးညွှတ်လျက်

အဆိုအမိန့်များ

အဖိုးထိုက်တန်သော ကျောက်မျက်ရတနာတို့ကို
အရည်အသွေးဖြင့် သိရသကဲ့သို့
အရည်အချင်းရှိသူကို အလုပ်၏သေချာခြင်းဖြင့်
သိရ၏။

လူသတ္တဝါသည်
အမှန်တရားကိုမူ နှစ်သက်ကြသော်လည်း
မိမိကိုယ်တိုင်ကမူ မလေ့ကျင့် မသုံးပြုချင်ကြပေ။

Monday, December 15, 2014

စင်္ကြာဝဠာဆွဲအား

လနှင့်နေ တို့သာမက ကြယ်များကလည်း ကမ္ဘာမြေကြီးကို
ဆွဲငင်ကြသည်။ သို့ရာတွင် ကြယ်များသည် ကမ္ဘာနှင့်ဝေးကွာလွန်းသောကြောင့်
၎င်းတို့ဆွဲအားမှာ များစွာအရာမရောက်ပေ။
နေနှင့်စာလျှင် ကမ္ဘာနှင့်ပိုနီးသောလမှာမူ ကမ္ဘာပေါ်သို့ ပို၍အကျိးသက်ရောက်မှုရှိစေသည်။
လဆွဲအား၏ရလာဒ်မှာ ကမ္ဘာမြေကြီး ဖောင်းပွလာခြင်းဖြစ်သည်။
ရေသည် လွတ်လပ်စွာစီးဆင်းတတ်သောကြောင့် ကမ္ဘာဖောင်းပွလာခြင်းသည်
ဒီရေကိုဖြစ်ပေါ်စေသည်။ နိုဗာစကိုရှားဒေသမှ ဖန်ဒီပင်လယ်အော်ကဲ့သို့သောနေရာမျိုးတွင်
ဒီရေသည် ပေ70ကျော်အထိ မြင့်တက်လာလေ့ရှိသည်။

Sunday, December 14, 2014

အဆိုအမိန့်များ

"""တကယ်တော့ ပုထုဇဉ်တွေဆိုတာ
ပုလင်းထဲက ယင်ကောင်တွေလိုပါပဲ
ပုလင်းထဲက ထွက်ခွင့်ရဖို့အတွက်
ဖောက်ထွင်းမြင်နေရတဲ့ အလင်းရောင်ကို
ပုလင်းနံရံမှန်း မသိဘဲ
အတင်းတိုးဝှေ့ ရုန်းကန်နေကြတာပါ။
တကယ်က အဲဒီပုလင်းမှာ အဖုံးမရှိဘူးဆိုတာကို
သူတို့မသိခဲ့ကြရှာပါဘူး။"""
မှန်ပေသည် ပုထုဇဉ်လူသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ
အိုလိုက် နာလိုက် သေလိုက် ရယ်လိုက် ငိုလိုက် ပြုံးလိုက် မဲ့လိုက်နဲ့
လောကသံသရာကြီးထဲမှာ တဝဲဝဲလည်နေခဲ့ကြတာပါ။
တကယ်တော့ သံသရာရေဝဲထဲမှ ထွက်မြောက်ဖို့အတွက်
နိဗ္ဗာန် ဆိုတဲ့ ထွက်ပေါက်တစ်ခုရှိနေတာကို
ကျွန်တော်တို့ မေ့နေခဲ့ကြပါတယ်။
                            အရှင်မဟိန္ဒ

ဒီဆိုဒ်မှ တင်ပေးမည့်သတင်းများ

ပညာတန်ဆောင် ပရဟိတလူငယ်အဖွဲ့  သတင်းဝက်ဆိုဒ်မှ
တင်ပေးမည့် သတင်းများမှာ--

၁။အဖွဲ့၏ လုပ်ဆောင်ချက်များ
၂။စာရင်းရှင်းတမ်းများ
၃။သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာများ
၎။ပညာရှင်များ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ
၅။လက်လှမ်းမှီသလောက် မှန်ကန်တိကျသော သတင်းချက်လက်များ
အစရှိသည်တို့ကို တင်ဆက်ပေးသွားပါမည်။

"ဝက်ဆိုဒ် စတင်တည်ထောင်သည့်ရက်စွဲ
10.12.2014 ဗုဒ္ဓဟူးနေ့

၁၃၇၆ ခုနှစ်  နတ်တော်လပြည့်ကျော် ၄ ရက်"

သတင်းအသစ်များကို up to date ဖြစ်အောင် နေ့စဉ်တင်ပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ ။သတင်းအားလုံးကို ဖတ်ချင်ရင်
Home အောက်က
View Web Version ကိုနှိပ်ပါ။

Saturday, December 13, 2014

အနုမြူ ဗဟုသုတ

အနုမြူစွမ်းအင်ဖြစ်သော ယူရေနီယန်တစ်ပေါင် ရရှိရန်အတွက်
ယူရေနီယန်ပါဝင်သော သတ္တုရိုင်းတန်ချိန်ပေါင်း 84000 ခန့်ကိုသန့်စင်ရလေသည်။

ထို့ကြောင့် အနုမြူစွမ်းအင် တစ်ပေါင်လျှင် စွန့်ပစ်ပစ္စည်း
တန်ချိန်ပေါင်း 84000 ထွက်သည်။
၎င်းတို့ကိုစနစ်တကျ မစွန့်ပစ်လျှင် သက်ရှိများအတွက် အလွန်အန္တရာယ်များပါသည်။

ဗဟုသုတများ

ကျောက်မီးသွေးအထု ငါးပေ ရရှိရန်
အခြားဒြပ်စင် ၄၁ ပေခန့်ဖယ်ထုတ်သန့်စင်ရသည်။

ထို့ကြောင့် ကျောက်မီးသွေးအထု ၅ပေ တွင်
စွန့်ပစ်ပစ္စည်း ၄၁ပေ လောက်ရှိသည်။ ၄င်းတို့ကိုစနစ်တကျမစွန့်ပစ်လျှင်
လူသားများအတွက် ကျန်းမာရေးထိခိုက်ပါသည်။

အဆိုအမိန့်များ

"သူတော်ကောင်း" မည်ပုံ

သူတော်ကောင်းဆိုတာ "သူဟာ(သဘောထား)ကောင်းသူဖြစ်တယ်"
လို့ အခြားသူတွေက အသိမှတ်ပြုခြင်းကိုခံရသူပါ။ "ငါဟာသူတော်ကောင်းပါ"လို့
သူများကိုသိစေဖို့မဟုတ်ဘူး။
"ငါတော်ကောင်း"လို့မရှိဘူး "သူတော်ကောင်း"ပဲရှိတယ်။

အသိပေးချက်

နှစ်အလိုက် စာရင်းရှင်းတမ်းများကို
အဖွဲ့ဝင်တစ်ဦးချင်းစီသို့ပို့ပေးပါသည်။

မရရှိပါက အကြောင်းကြားပါရန်

ဒု-အကြိမ်စာရင်းရှင်းတမ်း 2014 (2)

ပဉ္စမအကြိမ်စာသင်နှစ် ရ/သုံးငွေစာရင်း

၁။ ဆုနှင်းပွဲမှ ရှိလှူငွေ= 255000
၂။စာသင်ခုံသယ်/ပို့ခ= 18000
၃။အပတ်စဉ် ပ-ဒု-တ ဆုငွေ= 24000
၎။စာဖြေသွားကားခ= 8000
၅။ဓာတ်ပုံကြီး = 5000

လက်ရှိလက်ကျန်ငွေ = 200000 (27.5.2014)အင်္ဂါနေ့

ဒု-ကြိမ်စာရင်းရှင်းတမ်း 2014 (1)

စတုတ္ထအကြိမ် စာအောင်ဆုနှင့်
ပဉ္စမအကြိမ် စာသင်နှစ်အထိ
   ရငွေ
၁။ဆရာတော်လှူငွေ=၃၄၀၀၀၀
၂။သာရေးနာရေးလှူငွေ=၁၀၀၀၀၀
၃။ဦးဧသိကလှူငွေ=၂၀၀၀၀
၎။အဖွဲ့လက်ကျန်ငွေ=၁၈၄၀၀၀

စုစုပေါင်းရငွေ = ၆၄၄၀၀၀
    
          သုံးငွေ

၁။စာအောင်ဆုငွေ (41)ဦး = 295000
၂။ဗွီနိုင်းတခု = 21190
၃။အောင်လက်မှတ် 41×500= 20500
၎။စာအုပ် 70×900= 63000
၅။အောင်လက်မှတ်ပန်းဘောင် 9×2000= 18000
ရိုးရိုးဘောင် 32×1100= 35200
၆။ပလပ်စတစ်လောင်း= 8970
၇။မြို့နယ်ဆုရကျောင်းသူများ ကျူရှင်ခ
မနှင်းအိဖြူ တလငါးထောင် 7-2= 40000
မချိုဇင်သက် တလလေးထောင် 6-2=36000
၈။ပင့်သံဃာ 9×10000=90000
၉။အထွေထွေ= 16140
  စုစုပေါင်းသုံးငွေ =၆၄၄၀၀၀

မှတ်ချက်။ ။ဆုပေးပွဲရှင်းတမ်းဖြစ်သည်
ပဉ္စမအကြိမ်စာသင်နှစ်တွက် နံပတ်နှစ်မှာကြည့်ပါ။

ခွန်အားဖြည့် စာပေများ

အိုလုလင်...
နုနယ်ပျိုရွယ်ချိန်မှာ ပညာကိုရှာပါ
တတ်သည့် ပညာဖြင့်
ဘဝကိုလေ့လာပါ
လေ့လာ၍ရသော အတွေ့ကြုံဖြင့်
ဘဝကို ရင်ဆိုင်ပါ
စွမ်းနိုင်သလောက် လောကအကျိုး သယ်ပိုးပါ။

Friday, December 12, 2014

မေတ္တာရပ်ခံချက်

ပေးထားသော link မှဝင်ကြည့်သူများသည် သတင်းမျှသာဖတ်ရန်
အထူးမေတ္တာရပ်ခံအပ်ပါသည်။
တခြားနေရာများကို မနှိပ်ပါနှင့်။
blog ပျက်သွားနိုင်သောကြောင့်ဖြစ်ပါသည်။

အကြံပြုချက်များကို Post comment တွင်ရေးသားနိုင်ပါသည်။
    
                              ကျေးဇူးတင်ပါသည်

Thursday, December 11, 2014

အဖွဲ့ဝင်များ ၎

၄၁။ ကိုဇင်မင်းစိုး
၄၂။ ကိုမင်းဇော်+မလင်းလင်း
၄၃။ ကိုရှိန်လှိုင်ထွန်း
၄၄။ ကိုရှိန်
၄၅။ ကိုဝင်းကျော်အောင်
၄၆။ ကိုနိုင်ဝင်း+မယဉ်ယဉ်အေး
၄၇။ ကိုဝင်းကိုကို+မညိုညိုထွေး
၄၈။ ကိုကျော်ရှိန်+မယူသိန်း
၄၉။ ကိုဖြိုးဝေဦး
၅၀။ ကိုလပြည့်
၅၁။ ကိုခင်မောင်
၅၂။ ကိုအောင်သူရ
၅၃။ ဦးကိုလေး+ဒေါ်ကြည်အောင်

အဖွဲ့ဝင်များ ၃

၂၁။ ကိုအောင်မျိုးထိုက်+မနီအောင်
၂၂။ ကိုဝင်းကို
၂၃။ ကိုကျော်မင်းဦး
၂၄။ ကိုဇေယျာမျိုး
၂၅။ ကိုရဲနိုင်စိုး
၂၆။ ကိုလွင်ကို
၂၇။ ကိုပြည့်အောင်
၂၈။ ကိုကျော်မျိုးထွန်း
၂၉။ ကိုမင်းဇော်
၃၀။ ကိုစိန်သန်း+မလေးလေးနွယ်
၃၁။ ကိုသန်းဟို+မအင်ကြူ
၃၂။ ကိုညီညီ
၃၃။ ကိုညီနိုင်
၃၄။ ကိုသက်ကိုဦး
၃၅။ ကိုသန်းဇော်
၃၆။ ကိုစိုးလွင်ဦး
၃၇။ ကိုခင်မောင် (ဆိုးတေ)
၃၈။ ကိုစိုးနိုင်
၃၉။ ကိုသန်းတင့်
၄၀။ ကိုဖိုးတုတ်+မအေး

အဖွဲ့ဝင်များ ၂

၁။ ဦးဧသိက  ၂။ ဦးပညာဝံသ
၃။ ဦးတိက္ခညာဏ ၄။ ဦးမဟိန္ဒ
၅။ ဦးညာဏိက (ဖစုကန်း)
၆။ ဦးသုမန (ဖိုးနီ) 
၇။ ဦးကေလာသ (မိုင်ငယ်)
၈။ ကိုခင်မောင်ထွေး+မချမ်းမြေ့ဦး
၉။ ကိုဟိုပိုင်+မခိုင်ခင်ဌေး
၁၀။ ကိုသူရ (ပုပု)
၁၁။ ကိုသိန်းလွင်
၁၂။ ကိုဖိုးထွန်း+မဖြူ
၁၃။ ကိုဟိုလွင်ထွေး
၁၄။ ကိုထွန်းထွန်းလတ်
၁၅။ ကိုမင်းလတ်
၁၆။ ကိုမျိုးဦး
၁၇။ ကိုဇင်မင်းဦး+မစုစန္ဒီကျော်
၁၈။ ကိုအောင်လေး
၁၉။ ကိုလတ် (တရုတ်ကြီး)
၂၀။ ကိုကျော်မင်းဦး

Blog ဖန်တီးသူ

Mr. Minn Aung


B.A (Psychology)

ဆက်သွယ်ရန်လိပ်စာ


အရှင်မဟိန္ဒ - 09450989349 ၊ 09796211843

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန် - ကမ္ဘာအေး)

အရှင်ဧသိက - 09450989439
(ကွမ်းအုံမော်ကျောင်း ။ပန်းတောရပ်ကွက်။သရက်ချောင်းမြို့နယ်)

အရှင်ပညာဝံသ - 09250127435
(ကွမ်းအုံမော်ကျောင်း)

အကြံပြုချက်

စာသားများကို
ကွန်ပျူတာဖြင့်ကြည့်မှ
ပိုမိုရှင်းလင်းစွာ ဖတ်နိုင်မည်ဖြစ်ကြောင်း
အကြံပြုအပ်ပါသည်။

စာရင်းရှင်းတမ်း

   ပ-အကြိမ်စာရင်းရှင်းတမ်း
 20.5.2014.အင်္ဂါနေ့အထိ
   ရငွေစာရင်း 
ပထမအကြိမ် ၃၀၀၀၀၀
 ဒုတိယအကြိမ် ၁၅၀၀၀၀
 တတိယအကြိမ် (၁၅.၆.၂၀၁၃) တနင်္ဂနွေ ၃၀၀၀၀
 စတုတ္ထအကြိမ် (၁၇.၉ .၂၀၁၃) ဗုဒ္ဓဟူး ၂၅၉ ၀၀၀
 ရငွေစုစုပေါင်း-- ၇၃၉ ၀၀၀
    သုံးငွေစာရင်း
 ၁။ ဘဏ်အပ်ငွေ ၄၀၀၀၀၀
၂။ စာဖြေသွားကားခ (၃)ရက်စာ ၃၀၀၀၀
 ၃။ printer ဝယ် (၁၀.၁၁.၂၀၁၃) ၁၄၀၀၀၀
 ၄။ ကျူရှင်လခ မနှင်းအိဖြူ (တစ်လငါးထောင်—၇ မှ ၂လပိုင်းအထိ ၄၀၀၀၀ မချိုဇင်သက် (တစ်လလေးထောင်—၆ မှ ၂လပိုင်းအထိ ၃၆၀၀၀
 ၅။ ၁၃၇၅/၇၆ခုနှစ်၊ စတုတ္ထအကြိမ်ဆုပေးပွဲ၌သုံးငွေ ၉ ၃၀၀၀
သုံးငွေစုစုပေါင်း-- ၇၃၉ ၀၀၀
 မှတ်ချက် ။ ။ ၁၃.၅.၂၀၁၃ မှစ၍ရသောငွေများသည် ယခုစာရင်းရှင်းပြီးချိန် ၂၀.၅.၂၀၁၄ တွင်ကုန်ပြီဖြစ်သည်။

ထူးချွန်ကျောင်းသား/သူများ

 နွေရာသီယဉ်ကျေးမှုသင်တန်းကို
 ကွမ်းအုံမော်ကျောင်းတိုက်မှ မြို့နယ်စာမေးပွဲ၌ဝင်ရောက်ဖြေဆိုသူများအနက်
 ပ၊ဒု၊တ ဖြင့်အောင်မြင်ကြသောကျောင်းသား/သူများမှာ—
 ၂၀၁၃ ခုနှစ်တွင် မနှင်းအိဖြူ ၊  မချိုဇင်သက် 
၂၀၁၄ ခုနှစ်တွင် မနှင်းဖြူ (ပထမ) ။ ယဉ်၊မြန်၊ဘိ
၂၀၁၄ခုနှစ်တွင် ယဉ်ကျေးမှုဘာသာ—— အောင်မြင်သူ ၁၅ဦး၊ အထူးအောင် ၇ဦး
 မြန်မာစာ ——အောင်မြင်သူ ၁၆ဦး၊ အထူးအောင် ၄ဦး
 အဘိဓမ္မာ——အောင်မြင်သူ ၁၁ဦး၊ အထူးအောင် ၅ဦး။

စုံစမ်းရန်

စုံစမ်းရန် အဖွဲ့ဝင်လိုသူများသည် ဆရာတော်များထံ၌၄င်း လက်ရှိအဖွဲ့ဝင်များထံ၌၄င်း စုံစမ်းမေးမြန်းနိုင်ပါသည်။ လစဉ်ကြေးများကို နီးစပ်ရာ ဆရာတော်များထံတွင်၎င်း " ကိုခင်မောင်ထွေး (ဖကန်း)၊ ကိုဟိုပိုင် (မိုးစွေ)၊ ကိုသိန်းလွင်၊ ကိုသူရ (ပုပု) တို့ထံတွင်၎င်းပေးသွင်းနိုင်ပါသည်။

အဖွဲ့ဝင်များ


                     သြဝါဒါစရိယဆရာတော်
ဘဒ္ဒန္တသောဘိတ (ဆရာတော်၊ကွမ်းအုံမော်ကျောင်းတိုက်)
                      အမှုဆောင်နှင့်စာရင်းကိုင်
ဦးဧသိက                 (ကွမ်းအုံမော်ကျောင်း)
ဦးပညာဝံသ (ဇေယျာမျိုး)        ။
ဦးမဟိန္ဒ (သားကြီး)                ။         

စုံစမ်းရန်

            စုံစမ်းရန်

အဖွဲ့ဝင်လိုသူများသည် ဆရာတော်များထံ၌၄င်း လက်ရှိအဖွဲ့ဝင်များထံ၌၄င်း စုံစမ်းမေးမြန်းနိုင်ပါသည်။

လစဉ်ကြေးများကို နီးစပ်ရာ ဆရာတော်များထံတွင်၎င်း " ကိုခင်မောင်ထွေး (ဖကန်း)၊ ကိုဟိုပိုင် (မိုးစွေ)၊ ကိုသိန်းလွင်၊ ကိုသူရ (ပုပု) တို့ထံတွင်၎င်းပေးသွင်းနိုင်ပါသည်။

"ပရဟိတကဗျာ"


# ရောင်ဝါထွန်းလင်း ရှင်နေမင်းလို...
    လေးကျွန်းတမြင်းမိုရ် မလင်းလိုလဲ နေပါစေ၊
# ညအမှောင်ခွင့် ဖိုးလမင်းလို...
   လေးကျွန်းတမြင်းမိုရ် မလင်းလိုလဲ နေပါစေ၊
# သို့သော်ငြားလည်း ...
   အခန်းကျဉ်းထဲမှာ လင်းရောင်ဝါကို
   ထည်ဝါပိုင်ပိုင် ပေးစွမ်းနိုင်တဲ့
   မီးတိုင်ငယ်လေးတော့ ဖြစ်ရပါလို၏..။    ( Unknown )
 

# မိမိတတ်နိုင်သလောက် လောကအကျိုး သယ်ပိုးနိုင်တဲ့ သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။#

Mr.Minn Aung

Mr. Minn Aung

Blogger

Ashin Mahinda

Wednesday, December 10, 2014

အဖွဲ့၏လက်စွဲဆောင်ပုဒ်

®@ဆောင်ပုဒ်@® ""သင့်တစ်နေ့တာ သုံးစရိတ်များထဲမှ ငွေကျပ်တစ်ရာကိုချွေတာ၍ ကလေးငယ်များ၏ အနာဂတ်ကို ပုံဖော်ကြပါစို့""


အဖွဲ့ဝင်တစ်ဦးကို တစ်နေ့ငွေတစ်ရာနှုန်းဖြင့်
တစ်လလျှင်       ၃၀၀၀
တစ်နှစ်စာအတွက်   ၃၆၀၀၀    သပ်မှတ်ပါသည်။

အဖွဲ့၏ရည်ရွယ်ချက်များ

ပန်းတော၊ တီတွတ်ပြင်၊ ဆင်ဖြူပြင် စသောရပ်ကွက်များမှ ကွမ်းအုံမော်ကျောင်းတိုက်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်ကြသော ကျောင်းသား/သူများကို သင်တန်းသုံးစာအုပ်များလှူဒါန်းရန်၊
 အောင်လက်မှတ်များချီးမြှင့်ရန်နှင့် ထိုကျောင်းသား/သူများထဲမှ မြို့နယ်စာမေးပွဲတွင်
 ပ၊ဒု၊တ တစ်ခုခုဖြင့်ထူးချွန်စွာအောင်မြင်ပါက ထိုကျောင်းသား/သူများကို တစ်နှစ်စာကျူရှင်စရိတ်ထောက်ပံ့ပေးရန် စသည်တို့ဖြစ်ပါသည်။

Adress

Thanintharyi Division. Dawei.Thayet Chaung. Pandaw (quarter) Monastery of Quan O Maw.

တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်၊ ကွမ်းအုံမော်ကျောင်းတိုက်

Hello

It was established 13.5.2013 on monday.

စတင်ဖွဲ့စည်းသည့်ခုနှစ်

၁၃၇၅ခုနှစ် ကဆုန်လဆန်း(၄)ရက် တနင်္လာနေ့။

 13.5.2013 ရက်နေ့တွင် အဖွဲ့ဝင် ၂၉ ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ပါသည်။

ယခုအချိန်တွင် အဖွဲ့ဝင်ပေါင်း ၅၀ နီးပါးရှိနေပြီဖြစ်သည်။