Monday, December 15, 2014

စင်္ကြာဝဠာဆွဲအား

လနှင့်နေ တို့သာမက ကြယ်များကလည်း ကမ္ဘာမြေကြီးကို
ဆွဲငင်ကြသည်။ သို့ရာတွင် ကြယ်များသည် ကမ္ဘာနှင့်ဝေးကွာလွန်းသောကြောင့်
၎င်းတို့ဆွဲအားမှာ များစွာအရာမရောက်ပေ။
နေနှင့်စာလျှင် ကမ္ဘာနှင့်ပိုနီးသောလမှာမူ ကမ္ဘာပေါ်သို့ ပို၍အကျိးသက်ရောက်မှုရှိစေသည်။
လဆွဲအား၏ရလာဒ်မှာ ကမ္ဘာမြေကြီး ဖောင်းပွလာခြင်းဖြစ်သည်။
ရေသည် လွတ်လပ်စွာစီးဆင်းတတ်သောကြောင့် ကမ္ဘာဖောင်းပွလာခြင်းသည်
ဒီရေကိုဖြစ်ပေါ်စေသည်။ နိုဗာစကိုရှားဒေသမှ ဖန်ဒီပင်လယ်အော်ကဲ့သို့သောနေရာမျိုးတွင်
ဒီရေသည် ပေ70ကျော်အထိ မြင့်တက်လာလေ့ရှိသည်။

No comments:

Post a Comment